Events

(၁၉) ကြိမ်မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲအကြို Online Training ကျင်းပ

Updated At: 2022-08-10 15:52:59

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အွန်လိုင်းမှ ပါဝင်ပြသမည့်သူများအတွက် ကုန်စည်ပြပွဲအကြို Online Training ကို Organizers နှင့် Exhibitors နှစ်ပိုင်းခွဲ၍ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ ပြပွဲကျင်းပရေးကော်မတီမှ Dingtalk application ဖြင့် စီစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။

သက်ဆိုင်ရာနိုင်ငံအလိုက် ပြပွဲစီစဉ်ကျင်းပပေးသူများအတွက် Exhibition Group Operation Manual process ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး အဆိုပါအစီအစဉ်အရ အောက်ပါအတိုင်း( ၆ ) ပိုင်းခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်-

- Registration for Exhibition

- Payment

- Content Management

- Group Member Management

- Pass Management

- Other Operating instructions

ပါဝင်ပြသမည့် ကုမ္ပဏီများအတွက် Exhibition Registration Manual process ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး အဆိုပါအစီအစဉ်အရ အောက်ပါအတိုင်း ( ၆ ) ပိုင်းခွဲ၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်-

- Exhibitor Registration

- Registration for the Exhibition

- Receive Payment Notice

- Exhibition Booth Management

- Pass Management

- Other Operating instructions

အွန်လိုင်းမှ ပါဝင်ပြသမည့် Organizers နှင့် Exhibitors များအနေဖြင့် အထက်ပါ အစီအစဉ်များအတိုင်း https://digital.caexpo.org/admin/user/login လင့်ခ်မှတစ်ဆင့် ဝင်ရောက်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိပါသည်။

ခင်မောင်ဦး(ကုန်သွယ်မြှင့်)